Friday, August 1, 2008

Only Give Thanks

ရှေးဦးစွာ အဖဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီမွမ်းပါတယ်

        ကျွန်တော်ဟာအဘဘုရားသခင်ရဲ့အလိုတော်အတိုင်း ဒီကို မေ ၂၇ ရက်နေ့မှာ ရောက်လာခဲ့ပါတယ်၊ အလုပ်ရှာဖို့ပါ၊ ကျွန်တော်ရောက်ပြီးလို့ တစ်ပတ်အတွင်းမှာဘဲ အင်တာဗျူးတွေ စရပါတယ်၊ အဲဒီလိုနဲ့ CCTV Company တစ်ခုမှာ အဆင်ပြေသွားပြီး Job Training တစ်ပတ်လောက်ဆင်းရပါတယ်။ တစ်ပတ်ပြည့်ပြီးတော့ SPass တင်ပေးဖို့အတွက် နော်ကထပ်တစ်ပတ်လောက်ထပ်စောင့်နေရပါသေးတယ်၊ အဲဒီ အချိန်မှာဘဲ နောက်ထပ် Company တစ်ခုက ထပ်ပြီးတော့ အင်တာဗျူးခေါ်ပြန်ရောဗျာ၊ အဲဒီအင်တာဗျူးကအပြန် အခုထပ်ခေါ်တဲ့ Company မှာအလုပ်ရရင် ကောင်းမှာဘဲဆိုတဲ့ အတွေးလေးအလိုလိုပေါ်လာတယ်။

         အဲဒီအချိန် အထိ့ကျွန်တော် ကျေးဇူးတော်ချီမွမ်းနေတုန်းပါဘဲ။ နောက်တော့ Company ကနေ SPass တင်ပေးမယ် ဆိုပြီးလှမ်းခေါ်ပါလေရောဗျာ၊ ကျွန်တော်လည်းအားရ၀မ်းသာနဲ့ တန်းပြေးတော့တာဘဲ၊ ဒါပေမဲ့ ကံဆိုးတာ တင်တင်ပြီးချင်းဘဲ Rejected ဆိုတော့ ကျွန်တော့် ခေါင်းကို မိုးကြိုး ဆယ်စင် ပြိုင်တူ အပြစ်ခံရသလိုဘဲ၊ လူ့ဇာတိ့အရ ဘုရားသခင်ကို ကျွန်တော်နည်းနည်းအပြစ်စမြင်လာတယ်၊ သိပ်ပြီးတော့ ကျေးဇူးတော်မချီးမွမ်းခြင်တော့ဘူးဗျ၊ ဇာတိပကတိပေကိုး။ ဒါပေမဲ့သူဌေးကတော့ Appeal တင်ပေးမယ်ဆိုတော့ မှေးပြီးဆက်လုပ်နေသေးတယ်၊ တစ်နေ့စိတ်ပျက်လက်ပျက်နဲ့ ထမင်းထွက်စားတဲ့အချိန်မှာ ဒုတိယ Company ကငါ့ကိုဖုန်းဆက်လာရင် ကောင်းမှာဘဲဆိုတဲ့ အတွေးလေးပေါ်လာပြန်တယ်၊ ထမင်းမှာပြီးတော့ ထိုင်စားဖို့ စားပွဲကိုသွားပြီး ထိုင်ထိုင်ပြီးပြီးခြင်း ဖုန်းဝင်လာတယ်ဗျ၊ ကျွန်တော်မျှော်လင့်ထားတဲ့ ဖုန်းပါဘဲ၊ အဲဒီမှာတင် ကျွန်တော် သဘောပေါက်လိုက်တာက လူတိုင်းရဲ့ စိတ်ကူး၊ စိတ်သန်း အာသိသကို အဘဘုရားသခင်းက ကြိုသိ့ပြီးသာဆိုတဲ့ အသိ့လေးပါဘဲ၊ လူတိုင်းလူတိုင်းအတွက် အသင့်တော်ဆုံး အကောင်းမွန်ဆုံး ဆိုတဲ့အရာတွေကို ပြင်ဆင်ပေးပြီးသားပါ၊ ဒါကိုဘဲ ကျွန်တော်တို့ လူသားတွေက ကျေးဇူးမတင်တဲ့အပြင် တစ်ခါ တစ်ခါ အပြစ်တောင်မြင်ကျသေးတယ်၊ အဲဒီလိုနဲ့ နောက်ဆုံးတော့ ကျွန်တော်ဟာ ဒုတိယကုမ္ပဏီမှာ ပထမကုမ္ပဏီ ထက်အစစ အရာရာ သာလွန်ကောင်းမွန်စွာနဲ့ လုပ်ငန်းခွင်မှာ အဆင်ပြေစွာ လုပ်ကိုင်ခွင့်ကို အဘဘုရား သခင် ပေးသနားတော်မူသော ကျေးဇူးတော် သက်သက်အားဖြင့်သာ ရရှိခဲ့ပါတယ်လို့ အနည်းငယ်ဝေမျှပါတယ်


ညီ အစ်ကို၊ မောင် နှမ အယောက်စီတိုင်းကို အဘဘုရားသခင် ကောင်းချီးပေးပါစေ

ကျွန်တော့်ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့

naylinn.whoami@gmail.com ဆိုရင် ကျွန်တော်ဆီကိုရောက်ပါတယ်
Blogged with the Flock Browser

No comments: